Ads Top

တိုင်ဖွန်း နေပါတခ်ကြောင့် တရုတ်တွင် လူ ၉ ဦးသေဆုံး၊ ၁၈ ဦးပျောက်ဆုံး



စူပါတိုင်ဖွန်းမုန်တိုင်း နေပါတခ်ရဲ့ အကြွင်းအကျန်တွေ တရုတ်နိုင်ငံအတွင်း ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့အတွက် လူ ၉ ဦး သေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ်အစိုးရက ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာပါတယ်။

သေဆုံးသူအားလုံးဟာ မုန်တိုင်း ကုန်းတွင်းဝင်ရာနေရာဖြစ်တဲ့ နိုင်ငံရဲ့ အရှေ့တောင်ဘက် ဖူကျန်းပြည်နယ်က ဖြစ်တယ်လို့ အရပ်ဘက်ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ဖူကျန်းပြည်နယ် မင်းချင်မြို့နယ်က တံတားအစိတ်အပိုင်းနဲ့ လမ်းအောက်ခံတွေ ပျက်စီးခဲ့လို့ ယာဉ်ကြော အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ပြောပါတယ်။

ဝန်ထမ်းတွေက မုန်တိုင်းနဲ့ ရေကြီးမှုကြောင့် စုစုပေါင်း ပျက်စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၄ ဒသမ ၆ သန်းရှိပြီး စိုက်ပျိုးမြေ ဧက ၄ သောင်းကျော်နဲ့ အိမ်အလုံး ၉၀၀ ကျော် ပျက်စီးတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ခုလိုအချိန်မှာ တိုင်ဖွန်းမုန်တိုင်းတွေ ဖြစ်နေကျဖြစ်ပြီး တရုတ်နိုင်ငံအတွင်း တိုင်ဖွန်းမုန်တိုင်းတွေကြောင့် လူအသေအပျောက် များလေ့ရှိပါတယ်။

ဒါပေမယ့် အစိုးရက ကယ်ဆယ်ရေးနဲ့ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ထားခဲ့လို့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်လို့ စီစီတီဗွီ သတင်းဌာနက အစီရင်ခံပါတယ်။
DVB

ဓာတ်ပုံ - ရိုက်တာ
တိုင်ဖွန်း နေပါတခ်ကြောင့် တရုတ်တွင် လူ ၉ ဦးသေဆုံး၊ ၁၈ ဦးပျောက်ဆုံး တိုင်ဖွန်း နေပါတခ်ကြောင့် တရုတ်တွင် လူ ၉ ဦးသေဆုံး၊ ၁၈ ဦးပျောက်ဆုံး Reviewed by SwaiSon on 11:51 PM Rating: 5

No comments