Ads Top

သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ရောနှောမြေပဲဆီတွေ ၊ ပဲဆီအတုတွေ ထုတ်လုပ်တင်သွင်းရောင်းချသူတွေကို ဖော်ထုတ်အရေးယူမည်


============================================
သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့ စားသုံးရန်မသင့်တဲ့ရောနှောမြေပဲဆီတွေ၊ ပဲဆီအတုတွေကို ဈေးကွက်ထဲမှာထုတ်လုပ်တင်သွင်းရောင်းချသူတွေကို ကြပ်ကြပ်မတ်မတ်စစ်ဆေးဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး
ဒေါက်တာခင်စောလှကပြောပါတယ်။ ဈေးကွက်ထဲမှာလက်လီခွက်ချိန် နဲ့ဆီရောင်းချသူတွေအနေနဲ့လည်းမိမိဝယ်ယူခဲ့တဲ့ဆိုင်ရဲ့ ဘောင်ချာ ကိုသေချာထိန်းသိမ်းထားပြီး စားသုံးဖို့မသင့်တဲ့ဆီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက ၀ယ်ယူခဲ့တဲ့ဆိုင်ကိုမပြောပြနိုင်ခဲ့ရင် ဥပဒေနဲ့ အညီအရေးယူသွားမယ်လို့ လည်း ဒေါက်တာခင်စောလှကပြောပါတယ်။ 
လက်ရှိမှာတော့ ဈေးကွက်အတွင်းခွက်ချိန်နဲ့ဆီအလွတ်ရောင်းချနေသူတွေထံက စားသုံးဖို့မသင့်တဲ့ဆီတွေ၊ ထုတ်လုပ်ရောင်းချနေသူတွေကို မသိရ သလို ဈေးကွက်အတွင်းရောင်းချနေတဲ့ မြေပဲဆီတံဆိပ်အချို့မှာလည်း အမှတ်တံဆိပ်သာပါရှိပြီး ထုတ်လုပ်သူအမည်၊လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေမပါရှိတဲ့အတွက် အရေးယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

5Plus News
သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ရောနှောမြေပဲဆီတွေ ၊ ပဲဆီအတုတွေ ထုတ်လုပ်တင်သွင်းရောင်းချသူတွေကို ဖော်ထုတ်အရေးယူမည် သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ရောနှောမြေပဲဆီတွေ ၊ ပဲဆီအတုတွေ ထုတ်လုပ်တင်သွင်းရောင်းချသူတွေကို ဖော်ထုတ်အရေးယူမည်
Reviewed by SwaiSon on 3:37 AM Rating: 5

No comments