Ads Top

အမေရိကန်ဗုံးဒဏ်မှလွတ်မြောက်ရန်အတွက် အနှစ် ၄၀ နီးပါးပုန်းအောင်းခဲ့သော ဗီယက်နမ်အမျိုးသား


*****************************************
လက်ရှိတွင်အသက် ၄၄ နှစ်ရှိပြီဖြစ်သော ဗီယက်နမ်အမျိုးသား Ho Van Lang နှင့်ဖခင်ဖြစ်သူ Ho Van Thanh တို့သည်အမေရိကန်ဗုံးဒဏ်မှလွတ်မြောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ Tinh Quang Ninh ပြည်နယ် Tây Trà ခရိုင်ရှိသစ်တောတစ်ခုတွင်နေထိုင်ကြသည်မှာ နှစ် ၄၀ ကျော်ရှိပြီဖြစ်သည်။ယင်း“လူရိုင်း”သားအဖသည် သစ်သားအိမ်တည်ဆောက်ကာ ခါးတွင်လည်းသစ်ခေါက်များပတ်ထား၍ ဖမ်းဆီးရရှိသော ကြွက်များအား အစားအဖြစ်စားသုံးခဲ့သည်။လူတို့နှင့်မပတ်သက်ခဲ့သည်မှာအနှစ် ၄၀ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အပြင်လောကကြီး ၏ပြောင်းလဲမှုများကိုလည်းမသိရှိပေ။ ဖခင်ဖြစ်သူမှအပြင် လောကအကြောင်း သိပ်မပြောပြသဖြင့် Ho Van Lang သည်မိန်းကလေးများ ရှိနေသည်ကိုပင်မသိရှိကြောင်းသိရသည်။
ယင်းသားအဖသည် ၁၉၇၂ ခုနှစ်ကအမေရိကန်လေတပ်၏ ဗုံးကြဲခြင်းကိုခံခဲ့ရသောကြောင့် တစ်ရွာလုံး ပျက်စီးခဲ့ရကာ ထိုအချိန်ကယင်းသားအဖသည်လည်းထိုတောရွာလေးတွင်နေထိုင်သူဖြစ်ပြီး ဆွေမျိုးအားလုံးနီးပါးသေဆုံးခဲ့ရသည်။ထို့နောက်တွင်အဆိုပါအမျိုးသားသည်သားဖြစ်သူအားခေါ်ဆောင်၍အပူပိုင်းသစ်တောသို့ထွက်ပြေးခဲ့သည်။အနှစ် ၄၀ လုံးလုံးထိုနေရာတွင်နေထိုင်ခဲ့ပြီး အနီးအနားတွင် လူသားများထွက်ပေါ်လာ လျှင်ပင် ပိုမိုနက်ရှိုင်းသောသစ်တောထဲသို့ဝင်ရောက်ကာ ကြိုးစား၍ သူတို့အားပုန်းရှောင်ခဲ့သည်။ မကြာသေးခင်ကမှ သူတို့အား အမျိုးတစ်ယောက်မှ ရှာတွေ့ခဲ့ပြီး ထိုအမျိုးဖြစ်သူမှ အချိန်အတော် ကြာကြိုးစားဖြောင်းဖြပေးပြီးနောက်မှသာ လူတောထဲသို့ပြန်လည်ရောက်ရှိ လာကြသည်။သို့သော် သားဖြစ်သူဆေးကုသမှု ခံယူရန်လိုအပ်မှ သာ တောရွာလေးသို့ပြန်လာကြောင်းသိရသည်။ သို့သော်နောက်ဆုံးမှာတော့ ယင်းယောက်ျားလေးနှစ်ဦးသည်ဗီယက်နမ်ရှိတောရွာလေးတစ်ရွာတွင်နေထိုင်ကာ ယခုခေတ်နေထိုင်မှုဘဝအားအနည်းနှင့်အများနေသားကျနေပြီဖြစ်ကာ လယ်ယာလုပ်ငန်းများကိုစတင်လုပ်ကိုင်နေသလို မင်္ဂလာဆောင်ရန်လည်း စီစဉ်ထားကြောင်းသိရသည်။
မေတံခွန် ( china.com )
အမေရိကန်ဗုံးဒဏ်မှလွတ်မြောက်ရန်အတွက် အနှစ် ၄၀ နီးပါးပုန်းအောင်းခဲ့သော ဗီယက်နမ်အမျိုးသား အမေရိကန်ဗုံးဒဏ်မှလွတ်မြောက်ရန်အတွက် အနှစ် ၄၀ နီးပါးပုန်းအောင်းခဲ့သော ဗီယက်နမ်အမျိုးသား Reviewed by SwaiSon on 12:05 AM Rating: 5

No comments