ဂေါ်ရခါး ဘိုဘွားများအား ရည်စူး၍ ဂေါ်ရခါးလူငယ်များမှ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း
ရန်ကုန် ဇူလိုင် ၁၀
ဂေါ်ရခါး ဘိုးဘွားများအားရည်စူး၍မျိုးဆက်သစ်ဂေါ်ရခါးလူငယ်များ စုပေါင်း
ပြီး ပညာဒါနအဖြစ် ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် မြေဇာအုပ်စု ပိုးစတော
ကျွန်းရွာ တွင် စာသင်ကျောင်းဆောင်တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဇူလိုင်လ
၉ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ကျောင်းသားကျောင်းသူ ၃၆ ဦးအတွက် သင်ထောက်ကူပစ္စည်း စာအုပ်ခဲတံမျာနှင့် အာဟာရ ဒါန ကျွေးမွေးလှုဒါန်းခြင်း နှင့် ဆောက်လုပ်ပြီးစီးသော မူလတန်းသစ်သားကျောင်းဆောင်အား ရပ်မိရပ်ဖများနှင့် ကျောင်းတာဝန်ခံ
များအား အပ်နှံလှူဒါန်းခဲ့ကြောင်းလည်းသိရသည်။
HEZ
Popular News Joumal
ဂေါ်ရခါး ဘိုဘွားများအား ရည်စူး၍ ဂေါ်ရခါးလူငယ်များမှ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း
Reviewed by SwaiSon
on
7:06 AM
Rating:
No comments