Ads Top

ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်သည် အစိုးရအဖွဲ့၏မူဝါဒမဟုတ်ဟု မှတ်ယူရမည်ဖြစ်ကြောင်း မဘသ ဆို


ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက "'မဘသ မလိုအပ်တော့ပါဘူး"ဟု ပြောဆိုခဲ့ခြင်း သည် ၄င်း၏တစ်ဦးတစ်ယောက်တည်း သဘောထားမှတ်ချက်သာဖြစ်ပြီး အစိုးရအဖွဲ့၏သဘောထားမူဝါဒမဟုတ်ကြောင်း ထို့ကြောင့် ဦးဖြိုးမင်းသိန်း၏ စကားနှင့်ပတ်သက်၍ အလေးဂရုပြုစရာမလိုတော့ဘဲ ဒီမိုကရေစီသဘော တရားအရ လွတ်လပ်စွာ ပြောဆိုခြင်းဟုသာ မှတ်ယူရမည်ဖြစ်ကြောင်း မဘသ(ဗဟို)မှ ယနေ့ထုတ်ပြန်သည့် အသိပေးညွှန်ကြားချက် အမှတ် ၁၂ တွင် ရေးသားဖော်ပြထားသည်။

ဦးဖြိုမင်းသိန်း၏ သဘောထားအပေါ် ''တကယ် တော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါ တယ်၊ သူရဲ့အယူအဆတစ်ခုကို ထုတ်ဖော်ပြောဆို တာဖြစ်လို့ ဒါနဲ့ပတ်သက်ပြီးတော့ သီးခြား သဘောထားမှတ်ချက် ပေးစရာ မရှိပါဘူး''ဟု ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ဇူလိုင် ၉ ရက်ကကျင်းပသည့် မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များ အသင်း(ယာယီ)၏ သတ္တမအကြိမ်မြောက် အစ်နေ့အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲ အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာများအား ပြောကြားခဲ့ခြင်းကို ကိုးကား၍ထိုသို့ရေးသားထားခြင်းဖြစ်သည်။

မဘသအဖွဲ့ကြီးသည် သံဃာတော်အရှင်သူမြတ်များသာ သီးသန့်ဖွဲ့စည်းထားသည့် ''သံဃအဖွဲ့အစည်း'' မဟုတ်ကြောင်း၊ အမျိုးသားရေး ဘာသာရေး သာသနာရေးဆိုင်ရာ လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ စိတ်တူကိုယ်တူ စုပေါင်းဖွဲ့စည်းထားသည့် ''သာသနာပြုအဖွဲ့အစည်းကြီး''ဖြစ်ကြောင်း၊ မြန်မာပြည်တစ်ဝှမ်းရှိ မဘသအဖွဲ့များအနေဖြင့် ''လောကအေးချမ်း မဘသ မေတ္တာလွှမ်း'' ဟူသော ဆောင်ပုဒ် နှင့်အညီ ရဟန်းရှင်လူ ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းကြစေရန်အတွက် ဆန္ဒဖော်ထုတ်ခြင်း၊ ဆန္ဒထုတ်ဖော်ရန် စည်းရုံးတိုက်တွန်းခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏ အမျိုး ဘာသာ သာသနာပြု လုပ်ငန်းများကို မေတ္တာရှေ့ထားပြီး အေးအေးချမ်းချမ်း ဆောင်ရွက်ကြရန် အသိပေးညွှန်ကြားလိုက်ကြောင်းတို့ကိုလည်း ယင်းအသိပေးညွှန်ကြားချက်တွင်ရေးသားဖော်ပြထားပါသေးသည်။

စိုင်းလမင်း၊ လင်းဟိန်း

ပေါ်ပြူလာ
ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်သည် အစိုးရအဖွဲ့၏မူဝါဒမဟုတ်ဟု မှတ်ယူရမည်ဖြစ်ကြောင်း မဘသ ဆို ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်သည် အစိုးရအဖွဲ့၏မူဝါဒမဟုတ်ဟု မှတ်ယူရမည်ဖြစ်ကြောင်း မဘသ ဆို

Reviewed by SwaiSon on 2:47 AM Rating: 5

No comments