မန်းလေးမှာ မှန်တွေ ကို ခဲနဲ့ထုခွဲပြီး ဆိုင်ကယ် နဲ့ ထွက်ပြေးသွားတဲ့ အဖွဲ့ကိုမိလို့ စစ်တော့ သူတို့ ပြိုင်ပွဲလုပ်နေတာတဲ့
(ကျွန်တော်သိတာတော့ ကျွန်တော်တို့ ပန်းပျိုးသူ က ညီလေး Vicky Kedia ရဲ့Honda fit အပါအဝင် ၃စီးပေါ့)
နောက် မှန်တွေ ကို ခဲနဲ့ထုခွဲပြီး ဆိုင်ကယ် နဲ့ ထွက်ပြေးသွားတဲ့ အဖွဲ့ကိုမိလို့ စစ်တော့
သူတို့ ပြိုင်ပွဲလုပ်နေတာတဲ့
ငါက ဘယ်နှစ်စီးခွဲနိုင်တယ် မင်းက ဘယ်နှစ်စီးလဲ ဆိုပီးတော့ ..ခွဲတာပါတဲ့
.ဆက်တိုက် လိုက်ခွဲသွားတာ စည်ပင်ရုံးအရှေ့က ကားက ပိုဆိုးတယ် အနောက်ခွဲတာ အရှိန်ပျင်းတော့ အရှေ့မှန်ပါ ကွဲသွားတယ် လို့ ညီလေးဗစ်ကီ ကပြောလို့သိရပါတယ်။
မန္တလေးမှာ ဒီလိုအဖြစ်တွေအပြင် နေ့ခင်ကြောင်တောင် မှာကို ဆိုင်ကယ် နဲ့ လုယက်မှုတွေ များလာနေပြီ တာဝန်ရှိသူတွေ အဖြေရှာပေးဖို့လိုနေပါပြီ။
အဆုံးထိလိုက်ရင် မိသားစု စားဝတ်နေရေး မပြေလည်တာထက် ကလေးတွေ မူးယစ်ဆေးဝါးကြောင့် ဖြစ်တာပိုများနေပါတယ်။
လမ်းတိုင်း CCTV တပ်ပြီးစောင့်ကြည့်ဖမ်းမလား မူးယစ်ဆေးဝါး ကို ထိထိရောက်ရောက် နှိမ်နှင်းမလားပေါ့
ကျွန်တော့်အမြင်ကတော့ အဓိက ကျတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲ မှုကို တစ်နိုင်ငံလုံးမှာ ထိထိရောက်ရောက် တိုက်ဖျက်ဖို့ လိုနေပြီလို့ထင်ပါတယ်။
မိတ်ဆွေတို့လည်း ကိုယ့်မြို့ရွာ ကိုယ့် ပတ်ဝန်းကျင် ဘေးကင်းလုံခြုံစေဖို့ ဘယ်လိုမြင်တယ် ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အကြံလေးတွေ ပေးကြည့်ပါလား။
အားလုံးကျန်းမာချမ်းသာ ဘေးရန်ကင်းကြပါစေဗျာ။
မေတ္တာဖြင့် မျိုးကြီး
ခရက်ဒစ် မျိုးကြီး ပန်းပျိုးသူ
မန်းလေးမှာ မှန်တွေ ကို ခဲနဲ့ထုခွဲပြီး ဆိုင်ကယ် နဲ့ ထွက်ပြေးသွားတဲ့ အဖွဲ့ကိုမိလို့ စစ်တော့
သူတို့ ပြိုင်ပွဲလုပ်နေတာတဲ့
Reviewed by SwaiSon
on
3:27 AM
Rating:
No comments