Ads Top

ဇူလိုင် ၁၉ ရက်နေ့တွင် လမ်းအချို့ ခေတ္တပိတ်ထားမည်


****************************************
၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၊ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမန်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ထိုသို့ အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ရာတွင် ဇူလိုင် ၁၉ ရက်၊ နံနက် ၄ နာရီမှ အခမ်းအနား ပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းနှင့် လင့်လမ်းဆုံ၊ ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းဆုံ၊ ဓမ္မစေတီလမ်းနှင့် ဦးဝိစာရလမ်းဆုံ၊ အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံတို့မှ လမ်းလွှဲစနစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အာဇာနည်လမ်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ်နှင့် ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (သွေးဆေးကန်) လမ်းတို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ကြိုတင်သတိပေး နှိုးဆော်ထားသည်။

The Ladies News
ဇူလိုင် ၁၉ ရက်နေ့တွင် လမ်းအချို့ ခေတ္တပိတ်ထားမည် ဇူလိုင် ၁၉ ရက်နေ့တွင် လမ်းအချို့ ခေတ္တပိတ်ထားမည်
Reviewed by SwaiSon on 11:01 PM Rating: 5

No comments