နစ်မြုပ်မှုဖြစ်ပွားခဲ့သည့် မျှောပိုက်လှေပေါ်တွင်လိုက်ပါလာသည့် လှေလုပ်သားများအား စစ်ရေယာဉ်မှ ကယ်တင်နိုင်ခဲ့
နေပြည်တော်၊ ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဦးနေမျိုးအောင်ပိုင်ဆိုင်သော မျှောပိုက်လှေသည် ပိန္နဲကျွန်းမြောက်ဘက် ၁ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ရာသီဥတုဆိုးရွားပြီး လှိုင်းကြီး၍ လှေတွင်းသို့ ရေများဝင်ရောက်စဉ် ရေ၀င်မှုအရှိန်အား ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ရေ၀င်နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါနစ်မြုပ်ခဲ့သော မျှောပိုက်လှေတွင် လိုက်ပါလာသည့် လှေလုပ်သားခြောက်ဦးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်က ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Ref: မြဝတီ
နစ်မြုပ်မှုဖြစ်ပွားခဲ့သည့် မျှောပိုက်လှေပေါ်တွင်လိုက်ပါလာသည့် လှေလုပ်သားများအား စစ်ရေယာဉ်မှ ကယ်တင်နိုင်ခဲ့
Reviewed by SwaiSon
on
6:42 AM
Rating:
No comments