Ads Top

ရေကြီးရေလျှံဖြစ်ပွားသည့် တရုတ်တွင် မွေးမြူရေးစခန်းမှ  မိကျေင်းအကောင် ၁၀၀ ခန့် လွတ်မြောက်သွား

*****************************************
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ် နိုင်ငံတစ်ဝှမ်းတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် လူဦးရေ ၃၂ သန်းခန့် ရေဘေး သင့်ခဲ့ပြီးနောက် လူပေါင်း ၁၆၈ ဦးသေဆုံး ခဲ့သည်ဟုသိရသည်။ ၎င်းမှာ Nepartak မုန်တိုင်းကြောင့်
ဖြစ်ပြီး ရေထဲတွင် ဒေသခံများက မိကျောင်းများမြင်တွေ့နေရကြောင်း တိုင်ကြားမှုများလည်းရှိလာခဲ့သည်။ အဆိုးရွားဆုံးပြည်နယ်များထဲ အန်းဟွေပြည်နယ်မှာ အဆိုးရွားဆုံးဖြစ်ပြီး ဒေသခံ မိကျောင်းမွေးမြူရေးစခန်းမှ မိကျေင်းအကောင် ၁၀၀ ခန့်လွတ်မြောက်သွားခဲ့သည်။ ဒေသခံအစိုးရအဖွဲ့က မိကျေင်းများမှာ သွားရန်မစပါက လူကိုအန္တရာယ်ပေးမည် မဟုတ်ဟုဆိုခဲ့သော်
လည်းရွာသားများမှာ နေရာတိုင်းတွင် မြင်တွေ့နေရသောကြောင့် ကြောက်ရွံ့နေကြသည်။ ယခုအခါ အာဏာပိုင်များက မိကျေင်းအများစုကိုပြန်လည်
ဖမ်းဆီးရမိပြီဟုဆိုထားပြီး မိကျေင်းများကြောင့် သေဆုံးသူများလည်းမရှိခဲ့ဟု သိရသည်။
#မေဇွန်(DM, 9.7.16)
Pyi Myanmar 
#၁၂-၇-၂၀၁၆ ရက်ထုတ် ပြည်မြန်မာဂျာနယ်မှ
ရေကြီးရေလျှံဖြစ်ပွားသည့် တရုတ်တွင် မွေးမြူရေးစခန်းမှ  မိကျေင်းအကောင် ၁၀၀ ခန့် လွတ်မြောက်သွား ရေကြီးရေလျှံဖြစ်ပွားသည့် တရုတ်တွင် မွေးမြူရေးစခန်းမှ 
မိကျေင်းအကောင် ၁၀၀ ခန့် လွတ်မြောက်သွား Reviewed by SwaiSon on 8:04 PM Rating: 5

No comments