Ads Top

ရကတ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဘသအဖွဲ့နှင့် ပတ်သက်၍ ပြောဆိုချက်မှာ ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ဟု သာ/ယဉ်ဝန်ကြီး သူရဦးအောင်ကို ချေပ


------------------------

မဘသ၏ေ တာင်းဆိုချက်ကို အစိုးရအနေနှင့် ဖြေရှင်းစရာ မလိုအပ်ဘူးဟု မြင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်သည် ပုတ်ခတ်ပြောဆိုခြင်းမဟုတ်ဘဲ သူ၏အယူအဆကို ပြောကြားခဲ့မှုသာဖြစ်ပြီး၊ လူတိုင်းသဘောထား ကွဲလွဲပိုင်ခွင့်ရှိကြောင်း ဇူလိုင်လ ၉ ရက် စနေနေ့က ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ မူဆလင်စီးပွားရေးလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပသော အစ်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ညစာစားပွဲကို တက်ရောက်လာသည့် ဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုခဲ့သည်။

“ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့် ရှိတယ်ဆိုတော့ ဖြေရှင်းစရာ မလိုဘူးထင်ပါတယ်” ဟု မဘသ၏တောင်းဆိုချက်နှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကိုက ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် မဘသအဖွဲ့ မလိုအပ်တော့ဘူးဟု ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်နှင့်ပတ်သက်၍ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးထင်ကျော်တို့က တာဝန်ယူဖြေရှင်းပေးရန် မဘသ က တောင်းဆိုထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ပြောကြားချက်နှင့် ပတ်သက်၍ သူရဦးအောင်ကိုက “ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကလေးက တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး ရိုက်ခတ်နေပါတယ်။ အားလုံးသိပါတယ်။ တကယ်တော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ်။ သူက ပုတ်ခတ်ပြောတာလည်း မဟုတ်ဘူး။ သူ့ရဲ့ အယူအဆတစ်ခုကို ထုတ်ဖော်ပြောဆိုတာမျိုး ဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

The Ladies News

ရကတ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဘသအဖွဲ့နှင့် ပတ်သက်၍ ပြောဆိုချက်မှာ ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ဟု သာ/ယဉ်ဝန်ကြီး သူရဦးအောင်ကို ချေပ ရကတ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဘသအဖွဲ့နှင့် ပတ်သက်၍ ပြောဆိုချက်မှာ ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ဟု သာ/ယဉ်ဝန်ကြီး သူရဦးအောင်ကို ချေပ Reviewed by SwaiSon on 7:37 AM Rating: 5

No comments