Ads Top

မ..ဘ..သ...အဖွဲ့ ဆက်လက်လုပ်ရှားရင် သံဃာဥပဒေဖြင့် အရေးယူဖွယ်ရှိ


===================
၁၃..၇..၁၆
-
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က
ဇူလိုင်လ (၁၂)ရက် ရက်စွဲဖြင့်
မ..ဘ..သ...အဖွဲ့ကို 
တရားမ၀င် အဖွဲ့စည်း ဖြစ်ကြောင်း
မြန်မာ့အသံရုပ်မြင်သံကြားနှင့် 
နိုင်ငံအစိုးရပိုင် သတင်းစာတို့မှ
ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး
ဖြစ်ပါတယ်။
-
လေးလ တစ်ကြိမ် ကျင်းပသည့်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)
၄၇ပါးစုံညီ အစည်းအဝေးကို 
ဒီကနေ့ (ဇူလိုင် ၁၃)မှာ စတင်ကျင်းပနေပြီး
သာသနာရေးဝန်ကြီး သူရဦးအောင်ကို မှ
တက်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးနဲ့
နိုင်ငံရေးတွေကိစ္စ ရောထွေးဆောင်ရွက်နေတဲ့
မ..ဘ..သ..အဖွဲ့စည်း ဆက်လက်လုပ်ရှားပါက
သံဃာ့ဥပဒေနှင့်အညီ အရေးယူပေးဖို့
တင်ပြနိုင်ဖွယ်ရှိကြောင်း သတင်းရရှိပါတယ်။
-
မဘသ အဖွဲ့ ဆက်လက်ရပ်တည်ခွင့်နှင့် 
ရှိ/မရှိကိစ္စ မ..ဘ..သ.. သံဃာ များ 
လူမျိုးရေး/ဘာသာရေး ကိစ္စနှင့် ပတ်သင့်ပြီး နိုင်ငံတော်အစိုးရရဲ့ တရားဥပဒေကို 
ဝင်ရောက်စွက်ဖက်ပါက 
သံဃာ့စည်းမျဉ်းဥပဒေနှင့် 
အရေးယူမည်ကိစ္စရပ်များ 
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးမှ
အဆုံးအဖြတ်ပေးဖွယ်ရှိပြီး 
အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည်
ဖြစ်ကြောင်း သတင်းရရှိပါတယ်။
============
သတင်းထောက်- ဇေယျာမျိုး
မ..ဘ..သ...အဖွဲ့ ဆက်လက်လုပ်ရှားရင် သံဃာဥပဒေဖြင့် အရေးယူဖွယ်ရှိ မ..ဘ..သ...အဖွဲ့ ဆက်လက်လုပ်ရှားရင် သံဃာဥပဒေဖြင့် အရေးယူဖွယ်ရှိ Reviewed by fghhj on 1:20 AM Rating: 5

No comments