Ads Top

မြန်မာရွှေ့ပြောင်းလုပ်သားများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှုပွဲအား ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေး


*********************************************
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ စုပေါင်းကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆလုံ-ဂျလန်းကျွန်း ဆရာတော်တရားပွဲအား ထိုင်းအာဏာပိုင်များက ၀င်ရောက်စစ်ဆေးသဖြင့် "AAC"မဟာမိတ်အဖွဲ့မှ ၀င်ရောက်ညှိနှိုင်းပေးနိုင်သဖြင့် တရားပွဲအောင်မြင်စွာ ကျင်းပနိုင်လိုက်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ၊ ဖလန်စောင်၊ ဆမဲဒမ်း (၅)လမ်းတွင် ဇူလိုင်လ(၁၀)ရက်နေ့ နေ့လည်ပိုင်းတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား(၁၀၀၀)ခန့်က ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၏ တရားအား နာယူနေစဉ် ထိုင်းအာဏာပိုင်များမှ လူစုလူဝေးဖြင့် ပွဲပြုလုပ်သဖြင့် တရားနာ ပရိတ်သတ်နှင့်အတူ ဆရာတော်အား ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ထိုင်းမှာ မြန်မာတွေ လူစုလူဝေးနေလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ တရားနာတဲ့သူတွေကိုရော ဆရာတော်ကြီးကိုပါ ၀င်စစ်တာ။ ကျွန်တော်တို့ အဖွဲ့က ညှိနှိုင်းခဲ့လို့ တရားပွဲတော့ ပြီးသွားပါတယ်။ အခု အခေါက်က တမင်ပြဿဝင်ရှာတာဗျ။ အရင်က တရားပွဲတွေကို တစ်ခါမှ ဒီလို လုပ်တာမရှိဘူး"ဟု မြန်မာသံရုံးအလုပ်သမားစောင့်ရှောက်ရေးကော်မတီ"AAC"မဟာမိတ်မှ ကိုရဲမင်းက ပြောသည်။ 

ယခင်နှစ်များတွင် ၀ါဆိုသင်္ဃန်းကပ်လှူပွဲများ ကျင်းပခဲ့သော်လည်း ထိုင်းအာဏာပိုင်များမှ ၀င်ရောက် နှောင့်ယှက်ခြင်းမရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအား အကြောင်းအမျိုးမျိုးရှာ၍ ဖိနှိပ်မှုများရှိလာနေသည်ဟု AAC ထံမှ သိရသည်။

သတင်း။ ။ #ကိုဇက်
ဓာတ်ပုံ။ ။ #AAC
Tachileik News Agency
မြန်မာရွှေ့ပြောင်းလုပ်သားများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှုပွဲအား ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေး မြန်မာရွှေ့ပြောင်းလုပ်သားများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှုပွဲအား ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေး Reviewed by SwaiSon on 8:34 AM Rating: 5

No comments